စုကလိမြို့တွင်( ၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပန်းချီဆေး​ရောင်ခြယ် ပြိုင်ပွဲကျင်းပ

စုကလိ  ဒီဇင်ဘာ ၈

ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကြိုဆိုဂုဏ်ပြုသောအားဖြင့် စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့ နေ့လယ်က အလယ်တန်း အဆင့် စိတ်ကြိုက်ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ အငယ်တန်းစာရေး အင်အား(ပြ) ဒေါ်စိုးမို့မို့ဌေးက ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲအား ယှဥ်ပြိုင်စေခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၁၀)ဦးခန့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ပြသထားသော လွတ်လပ်ရေးနေ့ နှင့်ပတ်သက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ပြဘုတ်အား ပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပိုပိုအောင်