သရက်ချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

သရက်ချောင်း  ဒီဇင်ဘာ  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို  စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်‌နန်းခလိုက်ရှုက ကျောင်းသားကျောင်းသူများအနေဖြင့် "နေ့ထူးနေမြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာခြင်းသမိုင်းကြောင်းကို ကျောင်းသား/သူများ သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွား၍ ဉာဏ်ရည်၊ ရည်သွေးထက်မြက်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပရာ(အ.ထ.က) သရက်ချောင်းကျောင်းမှ ကျောင်းသား/သူ (၂၀)ဦးတို့က ပါဝင်ယှဥ်ပြိုင်ကစားရာ ဆုရရှိသူများအားတာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

သားကြီး(သရက်ချောင်း)