အုတ်ဖို ဒီဇင်ဘာ ၁၅
ကျောင်းသားကျောင်းသူများ မီးဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်လျှပ်စစ်နှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများကရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အ.ထ.က အေးမြသာယာတွင် ယနေ့နံနက် ၈ နာရီအချိန်က စစ်ဆေးဟောပြောသရုပ်ပြပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မီးကြွင်းမီးကျန် ဂရုပြုဆောင်ရွက်ရေး၊ မီးချိတ်မီးကပ်၊ သဲပုံးရေပုံးများထားရှိရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ဝါယာကြိုးများ စစ်ဆေးပေးခြင်း၊ သွယ်တန်းထားသော ဝါယာကြိုးများ စနစ်တကျရှိစေရေး၊ စစ်ဆေး ဆောင်ရွက်ပေးကာလျှပ်စစ်အန္တရာယ်၊ မီးဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပြီး သက်ဆိုင်ရာဌာနများသို့ ချက်ခြင်းအကြောင်းကြားနိုင်ရေးတို့နှင့် ပတ်သတ်၍ လက်တွေ့အသိပညာ ပေးရှင်းလင်းကာ လက်တွေ့သရုပ်ပြဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်သူ (ပြန်/ ဆက်)