သံဖြူဇရပ်မြို့နယ်၌ နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ကျေးရွားများသို့ ရန်ပုံငွေနှင့်ငွေစာရင်းထိန်းသိမ်းနည်းသင်းတန်းဖွင့်လှစ်ပို့ချခြင်း

သံဖြူဇရပ် ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေနှင့်ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျင်သိန်းတို့မှ စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးသည်။

ဆက်လက်၍ သင်တန်းပို့ချရာ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်ဝေနှင်းက မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စီမံကိန်းဆောင်ရွက်နေမှုအား ချပြဆွေးနွေးသည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မိုးသီတာမင်းက ရန်ပုံငွေနှင့်ငွေစာရင်းထိနးသိမ်းနည်း၊ စားရင်းဇယားဖြည့်သွင်းမှုများအား သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြမာလာကျေးရွာ၊ ကွမ်သတ်ကျေးရွာ၊ ပဒံငံကြီးကျေးရွာ၊ ဝဲကလီကျေးရွာ၊ ကော့လေးကျေးရွာ၊ ဆင်တောင်ကျေးရွာ၊ ကရင်သောင်ကျေးရွာ၊ တောင်ဖလုကျေးရွာ၊ ဝါခရူကျေးရွာ၊ဖောင်စိန်နှင့် ဝယ်သွန်ချောင်ကျေးရွာ စုစုပေါင်းကျေးရွာ(၁၁)ရွာမှ သင်တန်းသား/သင်တနးသူ (၄၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)