ညောင်ဦး ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့်ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က မြင်းကပါကျေးရွာ၊ မနုဟာဓမ္မာရုံတွင် ဒေသခံပြည်သူ လူထုနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးကြရာ ညောင်ဦးမြို့နယ် ဒုတိယမြို့နယ်ချုပ်ရေးမှူး ဦးညီညီထွန်းက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ဦး တည်ချက် (၉)ရပ်တို့အား ကျယ်ကျယ်ပြန်ပြန့် ရှင်းလင်းဆွေးနွေးခြင်းနှင့်ဒေသခံပြည်သူများမှ လိုအပ်ချက်များတင်ပြ တောင်းခံရန်ဆွေးနွေးခဲ့ပြီး၊မြို့နယ်ကော်မရှင်မှ ဒုတိယဦးစီးမှူး ဦးအောင်အောင်က ရွေးကောက်ပွဲ (PR)စနစ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ၊ ပုဂံစခန်းမှ စခန်းမူး ရဲအုပ်ကိုကိုနိုင်က အသစ်ထုန်ပြန်ထားသော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပါအချက်အလက်များအား ချပြရှင်းလင်းခြင်း၊ နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးမှုခင်းဆိုင်ရာကိစ္စရပ်များ၊ ဥပဒေအကြောင်း အရာများ ဆွေးနွေးဟောပြောကြပြီး ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည် သူများ၏တင်ပြချက်များအပေါ်သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်း(၂)စီမံချက်ဖြင့် အိမ်ထောင်စုဇယာများ ပြုလုပ်ပေးခြင်းနှင့်မှတ်ပုံတင်များပြု လုပ်ပေးခြင်းများဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုကြေးမုံ