နောင်မွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ သိန်း(၃၀၀)အား ကျေးရွာကော်မတီထံသို့ လွှဲ‌ပြောင်းပေးအပ်

နောင်မွန်း ဒီဇင်ဘာ ၁၅

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်၌ ပြည်သူများ ဆောင်းရာသီသီးနှံစိုက်ပျိုးမှုဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်‌ငွေရရှိပြီး လူမှုဘဝ စီးပွားရေး တိုးတက်မြှင့်မားလာစေရန်အတွက်‌ နိုင်ငံတော်မှ ထုတ်ချေးပေးသော နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမ‌ပျောက်မတည်ရန် ပုံငွေသိန်း (၃၀၀)ကျပ်ကို ဒီဇင်ဘာလ  ၁၄ ရက်နံနက် (၁၀) နာရီတွင် ကဆန်ဒမ်း ကျေးရွာခန်းမ၌ ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်သည်။

ထိုသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်ဇေယျက နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံပေးခြင်းဆိုင်ရာ ပြည်သူများ သိသင့်သိထိုက်သော အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်နှင့်မြို့နယ် သမဝါယမဦးစီးမှူးတို့က ရန်ပုံငွေအား လွှဲပြောင်းပေးအပ်ရာ အသင်းသားများကိုယ်စား ကျေးရွာကော်မတီဥက္ကဋ္ဌ ဦးအဝါလ်ဖုန်ဇီက လက်ခံရယူသည်။

နောင်မွန်းမြို့နယ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ထုတ်ချေးပေးခဲ့ရာတွင် ရပ်ဘော့ကျေးရွာအုပ်စုအတွင်းရှိ ရပ်ဘော့(၁)၊ ရပ်ဘော့(၂)၊ ကဆန်ဒမ်း၊ တစ်ဆယ်ထု၊ ရှီမန်၊ ဘ‌ဘော့စသည့်ကျေးရွာများမှ အသင်းသား(၈၅)ဦးကို ထုတ်ချေးပေးနိုင်ခဲ့ပြီး ဆောင်းရာသီ သီးနှံစိုက်ပျိုးရေးအတွက် ပန်းအာလူးမျိုးစေ့၊ ဆီးမုံညှင်းမျိုးစေ့နှင့် ပြောင်းဖူးမျိုးစေ့များကို အသင်းသားများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)