အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကဗျာလွတ်အကပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်  ကျင်းပသည်။
Dec 17,2022
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရေး၊ အထွက်နှုန်းတိုးတက်စေရေးနှင့် ဆည်မြောင်းမှ ရေလွှတ်ပေးနေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
Dec 17,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ပဏာမမျက်စိ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Dec 16,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တုတ်ကိုင်းကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက တုတ်ကိုင်းကျေးရွာဘုန်း​​​​ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။
Dec 16,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ တောင်တွင်းကြီးမြို့နယ် ရေဝေအုပ်စု၊ ရန်ပယ်ချောင်းပေါ်ရှိ နား‌ဋောင်းရချောင်း ကိုယ့်အားကိုယ်ကိုး နား‌ဋောင်းရပဲ့ဆည်အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အကောင်အထည်‌ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်က မကွေးတိုင်းဒေသကြီး
Dec 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ၂၀၂၂ ခုနှစ် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ခရိုင်အလိုက် အသက် ၂၅ နှစ်အောက် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ပထမတံခွန်စိုက်ဒိုင်းရ ဓနုဒေသပြေးခုန်ပစ် အားကစားသမားများနှင့် နည်းပြတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပုံပြောပြိုင်ပွဲနှင့်  ဆေးရောင်ခြယ်ပြိုင်ပွဲကို  ယနေ့နံနက် ၉နာရီခွဲက  လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ကျင်းပခဲ့သည်။
Dec 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ ‌နံနက် ၉ နာရီအချိန်က ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့အန္တရာယ်  အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။