မင်းလှမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲနှင့်‌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပုံပြောပြိုင်ပွဲနှင့်  ဆေးရောင်ခြယ်ပြိုင်ပွဲကို  ယနေ့နံနက် ၉နာရီခွဲက  လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ည်။

ထို့နောက်  မူလတန်းအဆင့် ပုံပြောပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျင်းပခဲ့ရာ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းမှ  Grade-1ကျောင်းသား၊ ကျောင်းသူ (၁၉)  ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို   တာဝန်ရှိသူများက  ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။                    

ဇာဇာ(အထက်မင်းလှ)