ကျောက်မဲခရိုင်၊ Community Centre ခန်းမ၌ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ကျောက်မဲ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ ‌နံနက် ၉ နာရီအချိန်က ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့အန္တရာယ်  အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သတ်၍ မီးခိုးမြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့ အမျိုးအစားများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများ၊ မီးခိုးမြူငွေ့အန္တရာယ် ကာကွယ်နိုင်မည့်နည်းလမ်းများကို မေးမြန်းဆွေးနွေးခဲ့ရာ ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ထွန်းက အဆိုပါ အကြောင်းအရာများနှင့် အခြားသိရှိလိုသည်များကိုလည်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အဆိုပါ ဆွေးနွေးချက် ရုပ်သံ အပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးသွားမည် ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)