တောင်တွင်းကြီးမြိုနယ် နား‌ဋောင်းရ ကိုယ့်အားကိုယ်ကိုးပဲ့ဆည် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး   ဒီဇင်ဘာ   ၁၆

မ​ကွေးတိုင်း​ဒေသကြီး၊​ တောင်တွင်းကြီးမြို့နယ် ရေဝေအုပ်စု၊ ရန်ပယ်ချောင်းပေါ်ရှိ နား‌ဋောင်းရချောင်း ကိုယ့်အားကိုယ်ကိုး နား‌ဋောင်းရပဲ့ဆည်အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အကောင်အထည်‌ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်က မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ AE ဦးအေးမင်းခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှသောင်း၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ AE ဦးမိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အုပ်စုအုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။  အဆိုပါ နားဋောင်းရကိုယ့်အားကိုယ်ကိုးပဲ့ဆည် မြောင်းမှာ အရှည်(၄)မိုင်၊ အကျယ်(၁၂)ပေရှိပြီး  ၎င်းမြောင်းမှတဆင့် ရေဝေကန်အတွင်းသို့ ဆည်ရေများ ဖြည့်သွင်းကာ ကုက္ကိုခွအုပ်စု၊ ရေဝေအုပ်စု၊ ဝါးခြံကာအုပ်စုနှင့် မကွေးမြို့နယ်မှ စည်ပင်သာယာကျေးရွာတို့ရှိ ဒေသခံတောင်သူများ၏ လယ်ဧက(၁၈၀၀)ကျော်ကို အကျိုးပြုလျက်ရှိသည့် ရေကန်ကြီးဖြစ်သော်လည်း ယခုအခါ ဆည်ရေ‌သောက် မြောင်းမကြီးမှာ သဲနုန်းများဖြင့် တိမ်ကောပျက်စီးနေသောကြောင့် ဒေသခံတောင်သူများစိုက်ပျိုးထားသည့် မိုးစပါးများ အောင်ရေအခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်းနှင့် အဆိုပါနားဋောင်းရမြောင်း ပြုပြင်တည်ဆောက်ပြီးစီးသွားပါက ဒေခံတောင်သူများ စိုက်ပျိုးထားသော မိုးစပါးဧက (၁၈၀၀) ကျော်တို့ စိုက်ပျိုး‌ရေများဖူလုံစွာ ရရှိမည်ဖြစ်‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)