သထုံ အောက်တိုဘာ ၅
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ ယမန်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ၊ စာရေးသူ ရွှေထုံခင်သီတာလှိုင်က ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆရာများ၏ အခန်းကဏ္ဍ၊ အနန္တဂိုဏ်းဝင်ဖြစ်သည့် ဆရာများ၏ ဂုဏ်ကျေးဇူးများ၊ အာစရိယဂုဏ်ကို ခံယူထိုက်သည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၊ စေတနာ ဝါသနာ အနစ်နာဟူသည့် နာသုံးနာနှင့်အညီ ဆရာအားလုံးတို့၏ တပည့်များအပေါ် စွန့်လွှတ်ဖြည့်ဆည်း ပေးဆပ်မှုများ စသည့်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်