ခန္တီး အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဆေးခန်းတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များကို အောက်တိုဘာလ (၁ ရက်နေ့မှ ၄ ရက်နေ့)ထိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် အသက်(၂)လအရွယ်ကလေးငယ်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ (ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်) ငါးမျိုးစပ်ကာကွယ်ဆေး၊ ဘီစီဂျီ ပထမအကြိမ်ကိုလည်းကောင်း၊ အသက် (၄) လအရွယ် ကလေးငယ်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ (ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်) ငါးမျိုးစပ်ကာကွယ်ဆေး ဒုတိယအကြိမ်ကို လည်း ကောင်း၊ အသက် (၆)လအရွယ် ကလေးငယ်များကို ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ (ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်) ငါးမျိုးစပ်ကာကွယ်ဆေး တတိယအကြိမ်ကိုလည်းကောင်း၊ အသက် ( ၉ )လအရွယ်ကလေးငယ်များကို ဂျပန်ဦးနှောက်ရောင်နှင့် ဝက်သက်-ဂျိုက်သိုး ပထမအကြိမ်ကိုလည်းကောင်း၊ အသက် (၁) နှစ်ခွဲအရွယ်ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး ဒုတိယအကြိမ်နှင့် (ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်) ငါးမျိုးစပ်ကာကွယ်ဆေး စတုတ္ထအကြိမ်ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်ကာကွယ်ဆေးနှင့် ဆုံဆို့နာကာကွယ်ဆေးကိုလည်းကောင်း အသီးသီးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )