လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၀န်ထမ်းများမှ ယမန်နေ့နံနက်(၇)နာရီ၌ အမှတ်(၇)ရပ်ကွက်၊ ဖိုးရာဇာလမ်းနှင့် မြို့မငြိမ်းလမ်းထောင့်တို့တွင် အခြေခံလူတန်းစားပြည်သူများကို စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများ သက်သာသောနှုန်းဖြင့် ပြည်သူများ ၀ယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရာတွင် စားအုန်းဆီ ၅၀ ကျပ်သားလျှင် ၂၆၅၀/-ကျပ်၊ ရက် ၉၀ ဆန်တစ်ပြည်လျှင် ၁၇ဝဝ/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်း ကြက်ဥ(၅)လုံးကို ၈၇၅/-ကျပ်တို့ဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ပြီး အခြေခံစားသောက်ကုန်များ ရောင်းချပေးသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဌာနမှ လမ်းညွှန်ချက်နှင့်အညီ နှာခေါင်းစည်း Mask Campaign များပြုလုပ်၍ စျေးဝယ်ပြည်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့်တာဝန်ရှိသူတို့မှ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့် အညီနှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးစျေးရောင်းချပေးလျက်ရှိသည်။
အမှတ်(၇)ရပ်ကွက်တွင် အခြေခံလူတန်းစားများပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကို၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဦးကြည်သာဇော်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဇော်မင်းအောင်တို့ ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး စည်ပင်သာယာရေးအဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ရပ်ကွက်နေပြည်သူများကို ကိုဗစ်- ၁၉ ကပ်ရောဂါပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရေးနှင့် ကုစားနိုင်ရေးတို့အတွက် သက်သာသောစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ခင်၀င်းမူ (ပြန်/ ဆက်)