ဖျာပုံမြို့၌ မော်တော်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြော

ဖျာပုံ အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကားကြီးဝန်း၊ မစကရုံး ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အမှတ် (၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)တို့ ပူးပေါင်း၍ မော်တော်ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးဟော ပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ရုံးခန်းမ၌ပြုလုပ်သည်။

အဆိုပါမော်တော်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း စေရေး၊ အသိပညာပေး ဟောပြောရာတွင် ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူး ဌေးနိုင်ဦး၊ ဖျာပုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် အမှတ် (၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဉ်မင်းသိုက်တို့မှ မော်တော်ယာဉ်များ၊ ယာဉ်နောက်လိုက်များအနေဖြင့် သတ်မှတ် ထားသော မော်တော်ယာဉ်ဥပဒေများနှင့်အညီ လိုက်နာကြရန် စသော ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးဆိုင်ရာများအား အသေးစိတ် ရှင်းလင်းပြောကြားသည်။ အဆိုပါယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ အသိပညာပေး​ ဟောပြောရာသို့ ဖျာပုံအဝေးပြေး ကားဝန်းအတွင်းရှိ ဂိတ်မှူးများ၊ မော်တော် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)