စာဖတ်စာငှားမိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား အခမဲ့စနစ်တကျငှားရမ်းပေး

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၅

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး ကျန်းမာရေး စီးပွားရေးလူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့်စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား အခမဲ့ စနစ်တကျငှားရမ်းပေးလျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းအချိန် က အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာမြို့မ ဈေးအတွင်းသို့သွားရောက်ပြီး စာဖတ်စာငှား စာပေ ဝါသနာရှင် ဈေးသူဈေးသားများအား ယခင်ကငှားရမ်း ဖတ်ရှုထားသည့် စာအုပ် စာစောင်များအား ပြန်လည်အပ်နှံ‌စေပြီး ၎င်းတို့ ဖတ်ရှု ငှားရမ်းလိုသည့်သုတ ရသစာအုပ် စာစောင်များအား (၇)ရက် ရက်သတ္တပတ်အကြာ ပြန်လည်၍ စနစ်တကျငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စာဖတ် စာငှား စာ‌ပေဝါသနာရှင် မိဘပြည်သူများအနေဖြင့် လေ့လာဖတ်ရှု ငှားရမ်းလိုပါက အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉နာရီခွဲအချိန်မှ ညနေ ၄နာရီခွဲအချိန်အထိ လာရောက်လေ့လာနိုင်ပြီး မိမိတို့ဖတ်ရှု ငှားရမ်းလိုသည့် သုတ ရသ စာအုပ် စာစောင်များအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)