အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2022
ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြင်ဦးလွင်မြို့နယ် ဘောလုံးအားကစားကွင်း၊ သုမင်္ဂလာ၌ ကျင်းပရာ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဖျော်ဖြေရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ချုပ်သူ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ၊ အားကစားချစ်မြတ်နိုးသူ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၁၂၀၀) ဦးခန့် တက်ရောက် ပြီး ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးသည်။
Oct 08,2022
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဝူရှူးအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
Oct 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို‌ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ငရုတ်ကောင်းမြို့၊ ကျေးရွာအုပ်စုများ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Oct 08,2022
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ ရွှေတောင်မြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက် ပေးလျက်ရှိသည်။
Oct 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ပြည်သူ များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်လမ်းဖြတ်ကူးသွားလာရာတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန် ရည်ရွယ်၍ လမ်းဘေးဝဲယာနေရာများတွင် အသိပညာပေး ရပ်ကြည့်သွားဆိုင်းဘုတ် များ စိုက်ထူဆောင်ရွက်ခြင်းကို အောက်တိုဘာလ (၇)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော် ခြောက်ဆူကိန်းဝပ်တော်မူသော ကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၊ နှစ်ပေါင်း (၁၀၀)သက်တမ်းရှိ တွံတေးတူးမြောင်း၊ အသားလွတ်နယ်မြေဖြစ်သော​ ဗောင်းတော်ချုပ်စေတီ၊ လက်မှုပညာအိုးလုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများ၊ အထင်ကရနေရာများသို့ လေ့လာနိုင်ရန် အတွက် (၂)နှစ်ကျော် ရပ်နားထား