အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2022
မကွေးတိုင်းဒေသကြီး၊‌‌ သရက်ခရိုင်၊ မင်းလှမြို့၊ ရုံးရပ်မြောက်ရပ်ကွက်၊ တာဘောင်ကြီးလမ်း၊ မြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင် ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မှူးရုံး(မလွန်)မှ  ပြည်သူများ စားဝတ်နေရေးအဆင်ပြေမှု ရှိစေရေးအတွက် အခြေခံ စား‌သောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Oct 08,2022
မိတ္ထီလာခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြန်မာ့သိုင်းနည်းပြမွမ်းမံ သင်တန်း (၁/၂ဝ၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ပေါက်ချောင်း ရပ်ကွက်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မိုး​လုံလေလုံအားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။
Oct 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရ သည်။
Oct 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ (အဝေးသင်သင်တန်း)ဝိဇ္ဇာတွဲ၊ (သမိုင်း) ဘာသာရပ်အထူးပြု သင်တန်းသားများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယမန့်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း ခေမာရဠ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
Oct 08,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို အထက(၁) ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ မြို့နယ်အဆင့် ဆုရကျောင်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
Oct 08,2022
ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝ စားသောက်‌ရေးတွင် တစ်စိတ် တစ်ဒေသ အထောက် အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်း ချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့ နံနက် ၈ နာရီခွဲအချိန်က စံပြရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။
Oct 08,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာ (၇)ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။