ပုသိမ် အောက်တိုဘာ ၈
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဝူရှူးအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “အားကစား အောင်နိုင်ရေးအတွက် အကောင်းဆုံး အားကစားသမားများ ရွေးချယ်ပြီး လေ့ကျင့်သား ပြည့်ဝစေရန်နှင့် ပြိုင်ပွဲစည်းကမ်းများနှင့်အညီ ကြိုတင်ပြင်ဆင်၍ နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်း လေ့ကျင့်ခဲ့ပါကြောင်း၊ တစ်ဦးချင်းကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် အောင်မြင်မှု ရရှိစေရေး ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ဝူရှူးအသင်း အနေဖြင့် အောင်မြင်မှုရရှိသည့် အစဉ်အလာကောင်းများ ရှိခဲ့သဖြင့် ပိုမိုအောင်မြင်စေရေး ကြိုးစားကြရန် လိုပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက် နေထိုင်ကြရန်၊ လေ့ကျင့်မှုမပြက်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အောင်မြင်မှုများ ရရှိစေရေး အစွမ်းကုန်ကြိုးစာကြရန်” ပြောကြားပြီး ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စားပြု ဝူရှူးအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူး အားကစားပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ စုစုပေါင်း ၁၈ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)