ဖျာပုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး "ရပ်ကြည့်သွား" အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်

ဖျာပုံ အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ပြည်သူ များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်လမ်းဖြတ်ကူးသွားလာရာတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန် ရည်ရွယ်၍ လမ်းဘေးဝဲယာနေရာများတွင် အသိပညာပေး ရပ်ကြည့်သွားဆိုင်းဘုတ် များ စိုက်ထူဆောင်ရွက်ခြင်းကို အောက်တိုဘာလ (၇)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ဖျာပုံခရိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ အမှတ် (၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဉ်မင်းသိုက်နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြို့နယ်အတွင်း သွားလာနေကြသော ပြည်သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် လမ်းဖြတ် ကူးသွားလာရာတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာစေရန်အတွက် လမ်းဘေးဝဲယာနေရာများ တွင် အသိပညာပေး "ရပ်၊ ကြည့်၊ သွား"  အသိပညာပေး ဆိုင်းဘုတ်များကို မြို့နယ်အတွင်းရှိ မြို့ဝင်မြို့ထွက်နှင့် လူစည်ကားရာ လမ်းဆုံနေရာ များတွင် ရပ်၊ ကြည့်၊ သွား အသိပညာပေး ဆိုင်းဘုတ်များအား လိုက်လံစိုက်ထူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)