ကျိုင်းတုံ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၄)နှစ်နှင့် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ကျိုင်းတုံမြို့မအားကစားကွင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူးရုံးခွဲ(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးစိုင်းချစ်အောင်က အခြေခံပညာကျောင်းများအတွက် ဘောလုံးများထောက်ပံ့ပေးအပ်သည်။
အဖွင့်ပွဲစဉ်အဖြစ် အသက်(၁၆)နှစ်အောက်၊ အထက-၂ အသင်းနှင့် အထက-၃ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထက -၂ အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ကျိုင်းတုံမြို့နယ်ပညာရေးမှူးဖလား အသက်(၁၄)နှစ်အောက်ပြိုင်ပွဲတွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဘောလုံးအသင်း ၁၆ သင်းနှင့် အသက်(၁၆)နှစ်အောက် ပြိုင်ပွဲတွင် မြို့နယ်အတွင်းအခြေခံပညာကျောင်းများမှ ဘောလုံးအသင်း ၁၅ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြပြီး အဆိုပါပြိုင်ပွဲများကို အောက်တိုဘာလ ၁၈ ရက်မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)