မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်

မိုင်းယု အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအားချာက “အန္တရာယ်ရှိသောလုပ်ငန်းခွင်နှင့် ကလေးအလုပ်သမားလျော့နည်းစေရေး” ခေါင်းစဉ်အောက်၌ သိသင့်သိထိုက်သည့် မိသားစုစားဝတ်နေရေး၊ အခက်အခဲများနှင့် ဆွေမျိုးမောင်နှမစောင့်ရှောက်မှုအားနည်းချက်များ စသည့်အကြောင်းအရာတို့ကို ဆွေးနွေးခဲ့သည်။

ယင်းနောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးကိုကိုနိုင်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်တို့က ကလေးငယ်နှင့်အန္တရာယ်ရှိသော လုပ်ငန်းခွင့်တွင် အလုပ်လုပ်ကိုင်နေမှုများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှင့် ချို့ယွင်းသူကလေးငယ်တို့၏ ဘဝ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကာမပိုင်းဆိုင်ရာလုပ်ငန်းအခြေအနေများနှင့် ကလေးငယ်တို့၏ မှန်ကန်သောဘဝရပ်တည်မှုနည်းမှန်လမ်းမှန်များအား ရွေးချယ်တတ်စေမှုစသည့်အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်