အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ အမျိုးသမီးကော်မတီဝင်များအား Gender , CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေး အခမ်းအနားကျင်းပခြင်းအား ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အသိပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 16,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၂၀၂၂-ခုနှစ် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ၅၀ကီလို တစ်အိတ်လျှင်(၃၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးသည့်အခမ်းအနားအစီအစဥ်ကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ရေပြည့်အုပ်စု လှေဝန်းကျေးရွာ၊ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အအတွက် ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၀)သန်းဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 16,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကွမ်းသီးပင်များစိုက်ပျိုးရာ၌  အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ်တွင်ကွမ်းသီးစိမ်းများ အထွက်နှုန်းကောင်းမွန်သောကြောင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရ သည်။
Nov 16,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်  (၁၀) နာရီအချိန်က အခြေခံပညာ အလယ်တန်းကျောင်း (အနောက်ရပ်) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူ များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 16,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို သိရှိစေရန်နှင့်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီကချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။