ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဂွ  နိုဝင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ပြင်လူဦးရေစာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ စိစစ်ရမည့်ခေါင်းစဥ်များရှိကြောင်း၊ နိုဝင်ဘာလ(၁၄)ရက်နေ့အထိ ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် ၁၉.၀၆%ရှိကြောင်း၊ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးများအနေဖြင့် လူဦးရေစာရင်းများအား စစ်ဆေးလျက်ရှိရာအမှန် တကယ် မဲပေးပိုင်ခွင့်ရှိသည့်စာရင်းထဲတွင် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူများ ပါဝင်လာစေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်းနှင့် စာရင်း၊ဇယားများကို သက်ဆိုင်ရာဌာနများသို့ အချိန်မီ ပေးပို့ဆောင်ရွက်သွားကြစေလိုကြောင်း၊ Pilot Project အနေဖြင့် (၈)နေရာ ဆောင်ရွက်ပြီးစီးဖြစ်ကြောင်း၊နိုဝင်ဘာ လ(၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ဂွအ.ထ.က ပညာရတနာခန်းမတွင် ကျင်းပပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရုံးများတွင်ရောင်စုံမီးများ ထွန်းညှိနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှုမရှိစေရေးနှင့် နိုင်ငံဝန်ထမ်းများအနေဖြင့် စတုတ္ထအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံမှုကို ဆက်လက် ထိုးနှံဆောင်ရွက်ကြနိုင်စေလိုပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် လူမှုရေးအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေသစ်အား သိရှိလေ့လာထားကြရန်နှင့် ပွဲလမ်းသဘင်များအတွက် ခွင့်ပြုမိန့်ကို သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များနှင့်အတူ ယခင်ကနှစ်ပတ်ကြိုတင်တင်ပြရာမှ ယခုအခါ သုံးပတ်ကြိုတင် တင်ပြကြစေလိုကြောင်းတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ယာယီအဖွဲ့ဝင် ဗိုလ်မှူးကျော်ထင်က ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးတို့ကို  အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင် ရွက်ရမည့်  အခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း  ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်