အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသော Child Friendly Spaces Training for Facilitators and Implementers သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ParkRoyal Hotel တွင် ကျင်းပရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်က အမှာစကားပြောကြားခဲ့သည်။
Jun 17,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 17,2025
လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့်ဉာဏ်ဏစွမ်းရည်မြှင့်မား‌စေရေးအတွက် ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုရှိ အ-မ-က ရာခိဘောင်ကျောင်းနှင့် မူ(လွန်)ထန်းတပင်ကျောင်းတို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာ‌ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၁၇ ရက်နေ့က နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Jun 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျောင်း၏ စာသင်ခန်းမ၌ ကျင်းပသည်။
Jun 17,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသော ကျောင်းအခြေပြု ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး (နည်းပြ) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Rose Garden Hotel တွင် ကျင်းပရာ အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်မြသူက အမှာစကားပြောကြားသည်။
Jun 17,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များကို လက်တွေ့ကိုင်တွယ်အသုံးပြုနည်း သင်တန်းတက်ရောက်နိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Jun 17,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၌ ငလျင်ဘေးနှင့် ရေဘေးအန္တရာယ်ဆိုင်ရာ ဟောပြောသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 17,2025
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီး ဌာန၊ကော့သောင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ “မိသားစုဝင်ငွေတိုးရေးစီမံကိန်း”ဖြင့် ဖော်ဆောင်သည့် စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊အေးမြကန်သာရပ်ကွက် ဓမ္မာရုံတွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။