ပိုင်ကျုံ ဇွန် ၁၇
လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့်ဉာဏ်ဏစွမ်းရည်မြှင့်မားစေရေးအတွက် ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုရှိ အ-မ-က ရာခိဘောင်ကျောင်းနှင့် မူ(လွန်)ထန်းတပင်ကျောင်းတို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၁၇ ရက်နေ့က နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှုက ကျောင်းသားလူငယ်များ သိသင့်သိထိုက်သော မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ပတ်သက်သည့် မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ လူငယ်များ ဘာကြောင့်မူးယစ်ဆေးဝါး သုံးစွဲတာလဲ၊ လူငယ်များအတွက် မူးယစ်ဆေးဝါးသည် အဘယ့်ကြောင့်အန္တရာယ်ရှိသလဲ၊ လူငယ်များမူးယစ်ဆေးသုဲးစွဲမှုမှ ကာကွယ်နိုင်သလားနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ စသောအချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ပြသထားသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား လူငယ်များတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုဟောပြောပွဲများကို ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျောင်းဖွင့်သည့်ကာလအတွင်း အခြေခံပညာကျောင်းများသို့ လစဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)