ပခုက္ကူ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအလိုက် လုပ်ငန်းများအပြင် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ အဆိုပါလုပ်ငန်းများကို လုံခြုံအသိ၊ သတိဖြင့် သွားလာလှုပ်ရှားဆောင်ရွက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအလိုက် မိမိတို့ဌာနလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပြန်လည်ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)