အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်း ဆောင်ပုဒ်နှင့်အညီ မီးဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ အသိပေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီက တာခွကျေးရွာ၊ ရန်ကုန်-ပြည် ကားလမ်းဘေးတွင် ဆောင်ရွက်သည်။
Feb 16,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများအဆင်ပြေလျက်ရှိသည်။
Feb 16,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ငါးဆူကျေးရွာအုပ်စု၊ ရွှေကြာအင်းကျေးရွာ၌ ဒီဇင်ဘာလမှာစိုက်ပျိုးထားသည့် ရွှေဖလားမျိုးကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Feb 16,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဥ်ခြံမြေများ၊ မြေလွတ်မြေရိုင်းများတွင် စားပင်သီးပင်များ၊ မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များကိုအဓိထား စိုက်ပျိုးရောင်းချလျက်ရှိရာ ဘိုကိတ်ပဲ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိသည်။
Feb 16,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်း နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊  ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် နွေရာသီအခြေခံအားကစားသင်တန်းများကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က စတင်၍ မြို့နယ် ပြည်သူ့အားကစားကွင်းနေရာ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Feb 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူနိုင်စေရေးအတွက် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးခြင်းနှင့် ကျေးရွာတွင်းလမ်းများ ရာသီမရွေး သွားလာနိုင်စေရေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
Feb 16,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အထက) ဇင်းကျိုက်ကျောင်း၌ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဒသမအကြိမ်မြောက်  မြတ်ဆရာပူဇော်ပွဲအား ကျင်းပခဲ့သည်။
Feb 16,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီးရှိ နေပြည်တော်အုတ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်ရုံ၏ဘဏ္ဍာရေးနှစ်အလိုက် အရှုံးအမြတ်အခြေအနေအားဆွေးနွေးတင်ပြခဲ့ပြီး စက်ရုံအတွင်း အုတ်စိမ်းထုတ်လုပ်နေမှုနှင့် လက်ရှိထုတ်လုပ်နေသည့် Top Burning System မှ ပိုမိုကောင်းမွန်သည့် မြေကြီးတွင် ကျောက်မီးသွေးရောစပ်၍ အုတ်ကျက်ထုတ်လုပ်မည့် Internal Burning System ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကုန်ထုတ်လုပ်မှုအား အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရန်နှင့် အရှုံးမဖြစ်ပေါ်စေရေးအတွက် ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန်လမ်းညွှန်မှာကြားခဲ့သည်။