မိုင်းပျဉ်း အထက(ခွဲ)ကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

မိုင်းပျဉ်း ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျောင်း၏ စာသင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။  ဆက်လက်၍ မြို့နယ်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ အတွင်းရေးမှူး ရဲမှူးစိုးလွင်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကိုလည်းကောင်း၊ အဖွဲ့ဝင် ဥ‌ပဒေအရာရှိ ဦးမျိုးဇော်အောင်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဥပဒေများအကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် လမ်းဦးစီး ဒေါ်သူဇာခိုင်က လမ်းနယ်/လမ်းညွှန်ဆိုင်းဘုတ်များအကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။

အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးရှင်းလင်းပွဲအခမ်းအနားသို့ မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထက (ခွဲ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)