အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2022
ပဲခူးတိုင်း​ဒေသကြီး၊ ​တောင်ငူခရိုင်၊ ​​ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ  ထယ်ရေးမလို မျိုးစေ့ချကိရိယာဖြင့် ပဲတီစိမ်း  စိုက်ပျိုးခြင်း ​တောင်သူပညာ​ပေး သရုပ်ပြပွဲကို ညောင်ပင်သာကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ စံပြစိုက်ကွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Dec 01,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ အသက်သုံးနှစ်မှ ငါးနှစ်ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) အခြေခံသင်တန်းကို ဒီဇင်ဘာလ ၁ ရက် နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သည်။
Dec 01,2022
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ရပ်/ ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်တိုးတက်စေရန် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းငါးကြောင်း ပူးပေါင်းအဖွဲ့သည် ကျုံဖိုက်နှင့်ညောင်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။ 
Dec 01,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း၏အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင် သောစစ်ကြောင်းကြီး ၅ ကြောင်းနှင့် ကျန်တန်းရပ်ကွက် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါရပ်ကွက်ရှိ ပွဲတော်ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ဂွေးတောက်ခင်ကျေးရွာအုပ်စု ဇီးကုန်းကျေးရွာ၌ တောင်သူများနွေစပါးဧက(၁၀၀)တိုးချဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ ရေတင်မြောင်းဖောက်လုပ်ဆောင်ရွက်ထားရှိမှုကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 01,2022
စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယမန်နေ့က ပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။
Dec 01,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများမှ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကလေးငယ်(၄၉)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၁၆)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။