ပြည်မြို့တွင် ပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းပညာပေး သင်တန်းဖွင့်လှစ်

ပြည် ဒီဇင်ဘာ ၁

စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယမန်နေ့က ပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းသင်တန်းသို့ ပြည်ခရိုင်အတွင်းမြို့နယ်များမှ သင်တန်းသား/ သင်တန်းသူ (၇၇)ဦးတက်ရောက်ပြီး သင်တန်းတွင် ပေါင်းမြက်နှင့်ပတ်သက်သော ကာကွယ်နှိမ်နင်းနည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေ၊ မျိုး၊ ပိုးတာဝန်ခံများဖြစ်သည့် ဒေါ်စန်းစန်းဌေး၊ ဒေါ်အေးအေးမြင့်နှင့် ဒေါ်ငြိမ်းငြိမ်းစမ်းတို့က ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်