အမရပူရမြို့၊ ကျန်တန်းရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲ ကျင်းပ

အမရပူရ ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း၏အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင် သောစစ်ကြောင်းကြီး ၅ ကြောင်းနှင့် ကျန်တန်းရပ်ကွက် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါရပ်ကွက်ရှိ ပွဲတော်ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းကအဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မိတ်ဆက်ပေးခဲ့သည်။ထို့နောက်အဖွဲ့ ဝင်(၁)-ဗိုလ်မှူးကျော်တေဇက ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်း လင်းပြောကြားပြီး နယ်မြေလုံခြုံရေးအတွက် မြို့နယ်ရဲမှူး၊ ရဲမှူးမျိုးလွင်အောင်က လက်ရှိအခြအနေကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည့်ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးရန် ပြောကြားခဲ့သည်။ အသေးစားလုပ်ငန်းများနှင့်ပတ်သက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကရပ်ကွက်နေအသေးစား လုပ်ငန်းရှင်များအတွက် ချေးငွေကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့​သည်။ တက်ရောက်လာသူများမှ လမ်းမီးလင်းရေး၊ ရပ်ကွက်ရေဆိုးထုတ်ရေးကိစ္စ၊ လောင်းကစားကိစ္စရပ်များ၊ မိုးရာသီရေစီးရေလာကောင်းမွန်ရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ အိမ်ထောင်စုစာရင်းကိစ္စများကို တင်ပြကြရာသက်ဆိုင်ရာဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တက်ရောက်လာသော ပြည်သူများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆန်တစ်ပြည်အိတ် (၂၄)အိတ်ဆီငါးဆယ်သားဘူး (၁၀)ဘူး၊ ကြက်ဥဆယ်လုံးထုပ် (၁၀)ထုပ်၊ ကြက်သွန်နီငါးဆယ်သားထုပ်(၁၀)ထုပ် စုစုပေါင်း ၅၄ အိတ်ကို၅၄ ဦးအား မဲဖောက်၍ ရရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)