အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊  ပြင်ဦးလွင်မြို့နယ်ရှိ ဒေသခံပြည်သူများသည် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ဆောင်းရာသီတွင် စိုက်ပျိုးသောရာသီပေါ်မုန်ညှင်းစိမ်းများ ဆွတ်ခူးချိန်ရောက်၍ မုန့်ညင်းစိမ်းစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
Nov 24,2022
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက အထက(ရွာထောင်)ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူများ အသင်း (Book Club) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
Nov 24,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ရှစ်ချိုကျေးရွာအုပ်စု ပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နေ့လည် (၁)နာရီက အုပ်ရှစ်ချိုကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ​​ ပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်း​​ဌေးနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။
Nov 24,2022
စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။
Nov 24,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ ခပေါင်း-ကျောင်းရှစ် ဆယ်ကျေးရွာနှင့် ဥယျာဉ်တော်ကျေးရွာများသို့  ယမန်နေ့ မွန်းလွဲပိုင်းက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 24,2022
ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းနိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့်  ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
Nov 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့မတပ်ဦးကျောင်း၌ တည်ထားလျက်ရှိသော အောင်သိဒ္ဓိစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။