ကျိုက်လတ်၌ ကိုဗစ် -၁၉ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ

ကျိုက်လတ်  နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်  Mask များ အခမဲ့ဖြန့် ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ၇ ဖြတ်လမ်း နှင့် ဦးစန္ဒာလမ်းမကြီး လမ်းဆုံ လူစည်ကားရာနေရာ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များတပ်ဆင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ နေအိမ် ပြင်ပသို့ထွက်ပါက မဖြစ်မနေ (Mask) စနစ်တကျတပ်ဆင်သွားလာကြရန်၊  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး စသည့် အကြောင်းအရာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပြီး လမ်းသွားလမ်းလာ ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်