တံတားဦးမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်အတွက် အင်္ဂလိပ်ဘာသာနှင့် သင်္ချာဘာသာစာမေးပွဲဖြေဆို

တံတားဦး နိုဝင်ဘာ ၂၃

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် လူရည်ချွန်အတွက် အင်္ဂလိပ်ဘာသာနှင့် သင်္ချာဘာသာစာမေးပွဲဖြေဆိုနေမှုအား ယမန်နေ့နံနက်(၉) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ကျင်းပကြောင်းသိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုနေမှုအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ တံတားဦးခရိုင် ပညာရေးမှူး ဦးဟန်တင်နှင့်တာဝန်ရှိသူများက စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများအား ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။

တံတားဦးမြို့နယ်အတွင်းရှိ မူလတန်းအဆင့် Grade-5 မှ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား/သူ(၄၈)ဦးဖြစ်ပြီး  ဖြေဆိုသူ(၄၁)ဦးရှိပါကြောင်း ၊ Grade-6  ၊ Grade-7 ၊ Grade-8 ၊ Grade-9 တို့မှဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား/သူ(၁၉၂)ဦးဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ (၁၇၄)ဦး ရှိပါကြောင်း၊ အင်္ဂလိပ်ဘာသာတွင် ရေးဖြေအတွက် ဖြေဆိုချိန်(၁)နာရီဖြစ်ရာ ပေးမှတ်(၅၀) မှတ်ဖြစ်ကြောင်း၊ သင်္ချာဘာသစာတွင် ရေးဖြေအတွက် ဖြေဆိုချိန်(၁)နာရီခွဲဖြစ်ပြီး ပေးမှတ်(၈၀)မှတ်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး နှုတ်ဖြေအတွက် ဆရာ/မ(၃)ဦးမှ နှုတ်မေးခွန်းပြီး ကျောင်းသား/သူများမှဖြေဆိုရာတွင်(၁၅)မှတ်ရရှိမှာဖြစ်ပြီး ကျပန်းစကားပြောအတွက်(၃၅)မှတ်ရရှိမည်ဖြစ်ကြောင်း၊ ဒါ့အပြင်သင်္ချာဘာသာကို နှုတ်ဖြေအတွက် ဆရာ/မ(၃)ဦးမှ နှုတ်မေးခွန်းပြီး ကျောင်း သား/သူများမှဖြေဆိုရာတွင် (၂၀)မှတ် ရရှိမှာဖြစ်ကြောင်း တံတားဦးမြို့နယ် အနေဖြင့် အခြေခံပညာအထက်တန်း ကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၈)ကျောင်း အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇) ကျောင်း၊ မူလတန်းကျောင်း(၆၉)ကျောင်း၊ စုစုပေါင်း(၁၂၁) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည် ။

ဦးရဲတင့်(ပြန်/ဆက်)