ငါန်းဇွန်မြို့မဈေးအတွင်း၌  မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ

ငါန်းဇွန် နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မစည်ပင်သာယာဈေး၌ ယနေ့နံနက် ၁၀ နာရီအချိန်က မီဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်ဥမ္မာဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့မစည်ပင် သာယာဈေးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်သန့်က မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းကို ပြသပြီး ဈေးသူဈေးသားများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြိမ်းသတ်စေခြင်းနှင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းများ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)