အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့နံနက် (၉)နာရီအချိန်မှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လမ်းငါးခွအနီးရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသားဖွားဆောင် ပြန်လည်ပြုပြင်နိုင်ရေးအတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရေးအသင်း(ဗဟို)က ယမန်နေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စားသုံးသူနစ်နာမှုများအတွက် စားသုံးသူများ၏အခွင့်အရေး အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ရိုက်ကူးဆောင်ရွက်ခဲ့ကြသည်။
Nov 25,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့မွန်းတည့် (၁၂)နာရီက ပိဿလိမ်း(ကျင်း)ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
Nov 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမန် နေ့ နေ့လည်(၁)နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည် နှုတ်ဖြေပြိုင်ပွဲကို ကျင်းပပြုလုပ်ပါသည်။
Nov 24,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စု သောင်လယ်ကျေးရွာတွင် ယမန်နေ့ည ၈ နာရီခွဲက အမည်စိစစ်ဆဲ အကြမ်းဖက်အဖွဲ့၏ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား ယနေ့နံနက် ၉ နာရီခွဲက ငွေနှင့်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 24,2022
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊ ​ချောက်မြို့နယ်၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနခန်းမတွင် ယ​နေ့နံက်(၉)နာရီအချိန်က Serverအတွင်း ထည့်သွင်းထားရှိသည့် အိမ်​ထောင်စုလူဦး​ရေစာရင်းပုံစံ(၆၆/၆)အား​ မြေပြင်တိုက်ဆိုင်စစ်​ဆေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအ​ဝေးကို ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ​မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ​ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။