အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူလေးများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို ရွေးချယ်ဖတ်ရှုတတ်စေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် Mobile သုံးဘီးယာဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာမူလတန်းကျောင်း အုန်းနှဲစမ်းကျေးရွာသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာအုပ်စု၊ ဖောင်တော်သီကျေးရွာတိုက်နယ်ဆေးရုံ ပြင်ပလူနာဌာနဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့မနက်ပိုင်းအချိန် ၁၀ နာရီက ကျင်းပခဲ့ပါသည်။
Dec 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပညာအောင်မြေကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဆောင်းရာသီကျောင်းတွင်း အားကစားပြိုင်ပွဲများပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ အားကစားကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 02,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသောအားဖြင့် မသန်စွမ်းသူများ ဘီးတပ်ကုလားထိုင် ဘက်စကက်ဘော (Wheelchair Basketball) အား ကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က လှာကမြင်ကျေးရွာအုပ်စု၊ တဝန်သံကျေးရွာရှိ ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန၌ ကျင်းပသည်။
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပညာရေးဌာနမှကြီးမှူး ကျင်းပပြုလုပ်သော အသက်၁၈နှစ်အောက် မြို့နယ်အဆင့်‌ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်‌နေ့နံနက် ၈ နာရီက၊ မြို့နယ်အားကစားကွင်းနှင့် မင်းလှအခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 02,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်  ကြက်မောက်ကျေးရွာ၌   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို နိုဝင်ဘာ ၃၀ ရက်နေ့မွန်းလွဲ ၃ နာရီအချိန်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။