အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်(၀၉:၃၀) နာရီတွင် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
Dec 01,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် အမျိုးသားစာပေဆုရ သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန်ကွယ်လွန်ခြင်း(၃)နှစ်ပြည့်အလွမ်း အမှတ်တရအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဘာဝနာဂုဏ်ရည်တေဇာလင်းဓမ္မရိပ်သာကျောင်း၌ ကျင်းပခဲ့သည်။
Dec 01,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Dec 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဂျင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိနေကြောင်း သိရသည်။
Dec 01,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြား ရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား (၇၅)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်းသိရသည်။
Dec 01,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၃ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြလုပ်သည်။