(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာသာယာယာရွှေပြည်သာ (Shwe Pyi TharAmenity) ဖွင့်ပွဲအခမ်းအနား ရန်ကုန်တိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

ရွှေပြည်သာ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး‌၊ ရွှေပြည်သာမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာသာယာယာရွှေပြည်သာ (Shwe Pyi Thar Amenity) ရေကူးကန်၊ ဖူဆယ်ဘောလုံးကွင်းနှင့် စားသောက်ဆိုင်ခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် သီရိမင်္ဂလာပတ်‌လမ်းထောင့်ရှိ မြို့နယ်ခန်းမဘေး၌ ကျင်းပခဲ့ကြောင်း သိရသည်။

သာသာယာယာရွှေပြည်သာ (Shwe Pyi Thar Amenity) ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေကူးကန်၌ ရေကူးနေမှုနှင့်ဖူဆယ်ဘောလုံးကွင်း၌ ဘောလုံးကန်နေမှုများအား လိုက်လံကြည့်ရူအားပေးပြီး ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုငွေများကိုပေး အပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)