အမြို့မြို့အနယ်နယ်သတင်းများ

Jun 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် မြို့နယ်ကမ္ဘောဇခန်းမနေရာ၌ မြို့နယ်အဆင့် နိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Pfizer) ထပ်ဆောင်းထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။
Jun 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၌ တည်ဆောက်လျက်ရှိသည့် ဗုဒ္ဓကောလိပ်ကျောင်းဆောင်သစ်အား ဆက်လက်၍ တည်‌‌ထောင်ဆောက်လုပ်နိုင်ရေးအတွက် အလှူငွေလှူဒါန်းခြင်းနှင့် ဘိလပ်‌မြေအိတ်များ လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ခိုလမ်မြို့ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ပြုလုပ်ရာ ခိုလမ်မြို့ သီရိမင်္ဂလာကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တ‌ ဒေါက်တာပညာသီရိအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jun 26,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။       
Jun 26,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈) နာရီအချိန်က ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ အခမဲ့သွားရောက် ဖြန့်ဝေခဲ့ကြသည်။
Jun 26,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ (Smoke Free Public Area) သတ်မှတ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။
Jun 26,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့သည်။
Jun 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း (လီမိတက်)၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ ကျင်းပသည်။