သံတောင်ကြီး မတ် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျောင်းသူ/ကျောင်းသားများ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများနှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်း ရည်များဖွံ့ဖြိုးတိုးတက် လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ပြီး၊ အိမ်ဆောက်ပြိုင်ပွဲပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲကိုပြု လုပ်ဆောင်ရွက်ပေးရာ ကျောင်းသူ/ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်တွင် လူကုန်ကူးခံရသည့် အမျိုးအစားများ၊ လူကုန်ကူးခံရပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့်နေရာများ၊ လူကုန်ကူးမှုမှန်သမျှ ဝိုင်းဝန်းဆန့်ကျင်ကြ၊ လူကုန်ကူးခံရသူများ စသည့် အကြောင်းအရာများကို ပြသပေးရာ လူငယ်လူရွယ်များ၊ ကလေးသူငယ်များက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။
နော်နော်မူ