တံတားမြို့ ကဒပ္ပနကျေးရွာတွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

တံတား မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြိုကဒပ္ပနကျေးရွာတွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးမှုကို တံတားမြို့တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူးဦးအောင်ဟိန်းသူက သွေးတိုးရောဂါအကြောင်း သိကောင်းစရာများကို တိုင်းရင်းဆေးနည်းဖြင့်ကုသပုံများ၊ လိုက်နာရမည့်ဆောင်ရန်ရှောင်ရန်အချက်များ၊ စားသုံးသင့်သောအစားအစာများအကြောင်းကို ကျေးရွာနေပြည်သူများအား အကျယ်တဝင့်ရှင်းလင်းဟောပြောပြီးနောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ Plam Flat ဝေခြင်းများပြုလုပ်ခဲ့သည်။

ထို့နောက် ကဒပ္ပနကျေးရွာအတွင်းရှိ အမျိုးသားလူနာ(၅)ဦး၊ အမျိုးသမီးလူနာ(၂၁)ဦး၊ စုစုပေါင်းလူနာ(၂၆)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)