မင်းတုန်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလိုင်း လျှပ်စစ်မီးကြိုး သွယ်တန်းခြင်းလုပ်ငန်းပြီးစီး

မင်းတုန်း မတ် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ စွန်သိုက်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလိုင်း လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ရာ ယမန်နေ့နံနက် ၁၀ နာရီက လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စွန်သိုက်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၂ခုနှစ်၊ နိုင်ဝင်ဘာလအထိ အတိုးရငွေ (၂၇.၀၃၀၅)ကျပ်သန်းရရှိခဲ့ပြီး စီမံကိန်းအတိုးရ ငွေ၏ (၅၀%)ဖြစ်သော လုပ်ငန်းသုံးငွေ (၁၁.၁၅၂၆)ကျပ်သန်းဖြင့် ကျေးရွာတွင်း 400V လိုင်း လျှပ်စစ်မီးကြိုး သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)