ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးနှင့် ဈေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် လိုက်လံစစ်ဆေး

ချမ်းမြသာစည် မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် တမ္ပ၀တီရပ်ကွက်၊ ၈၂ လမ်းရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ(မန္တလေး)တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားနှင့်သရုပ်ပြခြင်း၊ လိုက်လံစစ်ဆေးခြင်း၊ အသိပညာ‌ပေး လက်ကမ်း စာ‌စောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ရာတွင် ချမ်းမြသာစည်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး ဦးဆောင်သည့် လက်ထောက်ဦးစီးမှူးများ၊ သန္ဓေတပ်ဖွဲ့၀င်များမှ ချမ်းမြသာစည်မြို့နယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (မန္တလေး)တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စက်ရုံဝန်ထမ်းများအား မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး မီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုင်တွယ မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြသဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အခမ်းအနားသို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးအောင်ထူးမြင့်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်းဝင်း(မြို့နယ် ပြန်/ဆက်)