ကျိုက်မရော မတ် ၁၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတားချဥ်းကပ်လမ်းဖောက်လုပ်ရာ၌ လမ်းနယ်အတွင်းပါဝင်သည့် လယ်မြေ၊ ဥယာဥ်မြေ၊နှင့် အခြားနည်းအသုံးပြုခွင့်ရ မြေများအား မြေယာလျော်ကြေးငွေ ဒုတိယအကြိမ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီက ကျိုက်မရောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊(ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးဦးက စံပါယ်ဂူတံတား ချဥ်းကပ်လမ်း မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဝါဝါမြင့်မှ အတ္တရံ မြစ်ကူး(စပါယ်ဂူ)တံတားချဥ်းကပ်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေများအတွက် တောင်သူများအား မြေယာလျော်ကြေးငွေများကို တောင်သူများ လက်ဝယ်အရောက် ပေးအပ် ခဲ့ရာ တောင်သူများက လက်ခံရယူခဲ့သည်။ယနေ့ပေးအပ်သော မြေယာလျော်ကြေးငွေ ရရှိသည့် ကျေးရွာများဖြစ်သည့် မယ်ကရိုကျေး ရွာမှာတောင်သူ ၈ ဦး၊ ကော့ပနောကျေးရွာမှ တောင်သူ ၄ ဦး၊ ရှင်စောပုရပ်ကွက်မှ တောင်သူ ၃ ဦး၊ စုစုပေါင်း တောင်သူ(၁၅)ဦးတို့၏ လယ်မြေဧက (၂၂.၁၃)ဧကအား တစ်ဧကလျှင် သိန်း ၅၀ ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၁၀၆၅၀၀၀၀ိ)/ကျပ်နှင့်၊ သီးနှံ(၄၁၆)တင်းအတွက် (၇၄၈၈၀၀၀ိ)/စုစုပေါင်း(၁၁၈၁၃၈၀၀၀ိ/ကျပ်အား မွန်ပြည်နယ် အစိုးရအဖွဲ့ မြေယာလျော်ကြေး စိစစ်ပေးချေးရေးကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက တောင်သူများ၏လက်ဝယ်အရောက် စနစ်တကျ ပေးအပ်ခဲ့ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
ချိုမြတ် မြတ်ထွေး(ပြန်/ဆက်)