နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်များဘက်စုံဖွံဖြိုးစေရေး ဆေးရောင်ခြယ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပြုလုပ်

နမ္မတူ မတ် ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အပျင်းပြေစေပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မတ်လ ၁၂ နေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ဆေးရောင်ခြယ်ခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြု လုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆေးရောင်ခြယ်ခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအားကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

လူမော် (ပြန်/ဆက်)