နာဂ‌ဒေသ၊ လေရှီးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

လေရှီး ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမအကြိမ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းတက်ရောက်နေသည့် သင်တန်းသူများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်က အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှု အခြအနေနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစံကျော်ဦးက သတင်းအမှားအမှန်သိရှိနိုင်ရေး အသိပညာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးထွန်းထွန်းနိုင်က မီးဘေးလုံခြုံရေးနှင့် မီးခိုးမြူငွေ့အန္တရာယ်ဆိုင်ရာ သိကောင်းများနှင့်စပ်လျဉ်းသော အသိပညာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် မီးငြိမ်းသတ်နည်းကွင်းသရုပ်ပြပွဲကို မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခဲ့ပြီး သင်တန်းသူများကလည်း လက်တွေ့မီးငြိမ်းသတ်နည်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ‌ကျောင်းအုပ်ဆရာမကြီး၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသူများ စုစုပေါင်း(၅၈)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

လေရှီး