ပိုင်ကျုံမြို့(၁၅) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ပိုင်ကျုံ   ဧပြီ   ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် တည်ထားကိုးကွယ်သည့် ရွှေတီဂုံပုံတူအနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏  (၁၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်တွင် ရွှေတီဂုံပုံတူအနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်

အဆိုပါ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲတွင် ပိုင်ကျုံမြို့  ပရဟိတမြို့မသာသနာပြု ကျောင်းဆရာတော်က ဦးဆောင်ပြီး ရဟန်းသံဃာတော်များတို့မှ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ပဌာန်းရွတ်ဖတ်ပူဇော်နေစဉ်အတွင်း ပိုင်ကျုံမြို့ရှိ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူ့ဒါယကာ၊  ဒါယိကာမများတို့မှ ရဟန်းသံဃာတော်များတို့၏ လိုအပ်သည့် ဝေယျာ၀စ္စများကို ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်

ထိုအသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၇ ရက်အထိ ၃ ရက်ကြာ ရွတ်ဖတ်ပူဇော် မည်ဖြစ်ပြီး ဧပြီလ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဘုရားအနေကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော် ပွဲ ဆောင်ရွက်မည့်အပြင် နေ့လည် ၁၂ နာရီအချိန်တွင် ပိုင်ကျုံမြို့ ပရဟိတမြို့မ သာသနာပြုကျောင်း၌ တရားတော် ရေစက်သွန်းချ အမျှအတမ်း ပေးဝေမည်ဖြစ်ကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)