နတ်မောက် ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့မစည်ပင်သာယာရေးဈေးအတွင်း ကန့်သတ်ထားသော အစားအသောက်နှင့် ဓာတုဆိုးဆေးများအသုံးပြု၍ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးနိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ၊ မြို့နယ်စည်ပင်သာယာရေး ဈေးတာဝန်ခံ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဆရာမတို့က ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကန့်သတ်ထားသော အစားအသောက်နှင့် ဓာတုဆိုးဆေးများအသုံးပြု၍ ရောင်းချခြင်း၊ သက်တမ်းလွန်အစားအသောက်များနှင့် လုံခြုံစိတ်ချမှုမရှိသော ကုန်ပစ္စည်းများအား ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှဝင်း