Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၉၅)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ
Jul 09,2025
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၅)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့်လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ၁နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအနေဖြင့် ဟောပြောပွဲနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jul 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့ နေ့လယ် ၁၂:၀၀ နာရီက စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ကျောင်းစာကြည့်တိုက်တွင် ပုံပြင်ပြောပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ် အမှတ်(၃၆)အ.ထ.က၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
Jul 09,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၇/၂ဝ၂၅) ကျင်းပ
Jul 09,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ (၇/၂ဝ၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ-ဒလ-တွံတေးကားလမ်းဘေးဝဲယာ မိုင်တိုင် ၅/၄ မှ ၆/၀ အထိ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် စတုတ္ထအကြိမ်ကျင်းပ
Jul 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ၊ တွံတေး-လှိုင်သာယာကားလမ်းဘေး ဝဲ/ယာမိုင်တိုင် ( ၅/၄ မှ ၆/၀ ) အထိ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား တွံတေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်း ဦးဆောင် ကျင်းပသော စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီအချိန်က တမံကြီးကျေးရွာ အုပ်စု၊ တွံတေး-လှိုင်သာယာ ကားလမ်းဘေး မိုင်တိုင်(၅/၄ မှ ၆/၀) တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 09,2025
နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးရေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 09,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ် ဌာနဆိုင်ရာရုံးများနှင့် ဈေးများ၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရန် အမှိုက်ပုံးများထားရှိ
Jul 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်အတွင်း သန့်ရှင်းသာယာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်ရန်၊ အမှိုက်သိမ်းဆည်းမှု လွယ် ကူစေရန်အတွက် အမှိုက်ပုံးများ အရောင်ခွဲခြားထားရှိပြီး အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများ ထားရှိဆောင်ရွက်ခြင်းကို မြို့နယ်ဌာနဆိုင်ရာ ရုံးများနှင့် ဈေးများ၌ စတင်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1128
Page
1129
Page
1130
Page
1131
Current page
1132
Page
1133
Page
1134
Page
1135
Page
1136
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department